ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ကျောင်းပြင်ပရောက်ကလေးများ ကျောင်းသို့ပြန်လည်ရောက်ရှိရေး Placement Test(အထူးအစီအစဉ်)စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် လှယဉ်ကျေးမယ်ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးတက်ရောက်
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းဆင့်နှင့်အလယ်တန်းဆင့်)ကျောင်းသို့ပြန်လည်ရောက်ရှိရေး Placement Test (အထူးအစီအစဉ်) စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။