အိမ်မဲမြို့နယ်၊ အ-ထ-က ရွာသစ်ကျောင်းတွင် RCC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ အ-ထ-က ရွာသစ်ကျောင်းတွင် ပေ (၁၃၀ × ၃၀) RCC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ယမန်နေ့နံနက် ၁၁ နာရီ ၃၀ မိနစ်က ကျင်းပခဲ့ကြောင်း သိရသည်။