သပိတ်ကျင်း ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၀၉:၀၀)နာရီအချိန်မှ စတင်၍ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး Pfizer Vaccine ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သပိတ်ကျင်းမြို့ပေါ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အသက် (၁၅) နှစ်အထက်ရှိ ပြည်သူများအား ထိုးနှံပေးနေခြင်းဖြစ်ပြီး ရက်သတ္တပတ်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာများသို့လည်း စုရပ်နေရာများသတ်မှတ်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)