ကော့ကရိတ် ဇွန် ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ရက် ၁၀၀စီမံချက်အတွင်း မြို့ပြန်လည်ထူထောင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့ကို ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းနေအရွယ်ကလေးများ Placement Test စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား/သူများအား လိုက်လံကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောက်လုပ်နေသည့် အမှတ်(၁)ရပ်ကွက် ညီညာသာလင်း တံတားဆောက်လုပ်မှု အခြေအနေ၊ အမှတ် (၇) ရပ်ကွက်၊ အောင်မင်္ဂလာလမ်းကွန်ကရစ်လမ်း ခင်းဆောင်ရွက်နေမှု အခြေအနေ၊ အမှတ်(၇)ရပ်ကွက်၊ ဒေါနလမ်းရှိ ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိရာ သမဝါယမဂိုဒေါင်ရှိ ထောက်ပံ့ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)