မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1 ကာကွယ်ဆေး ထိုးနှံပေး

မြစ်သား ဇွန် ၁၆              

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ စီစဉ်ကြီးကြပ်မှုဖြင့်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1 ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်မိခင်နှင့်က‌လေးကျန်းမာရေးဌာနရုံးခန်းတွင် ဇွန် ၁၅ ရက် နံနက် ၉ နာရီက စတင်ထိုးနှံ‌ပေးခဲ့ကြောင်းသိရသည်။                             

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1 ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေး‌ဝန်ထမ်းများက မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်အထက်ရှိသည့် ရပ်ကွက်နေပြည်သူများအား ဇွန်လ ၁ ရက်နှင့် ၁ ရက်နေ့များတွင် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှသိ ရသည်။

ဝါဝါမြင့် (မြစ်သား)