ချောင်းဆုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်နည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်းအဖွဲ့ခွဲမှ ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်နည်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီက ကျွန်းသာယာခန်းမ၌ ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့ရေကြီးရေလျှံမှုကာကွယ်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု  ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့အား ရေကြီးနစ်မြုပ်မှု ကာကွယ်နိုင်ရေးနှင့် ပဲခူးမြစ်ကမ်းနားတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

​​​​​​​ညောင်ဦးမြို့နယ်၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီက မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေးနှင့်စိုက်ပျိုးရေးဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်‌ ရေဖြူတွင်းကျေးရွာ၌ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ရေဖြူတွင်းကျေးရွာ၌  ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့ညက ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အောင်‌မြေသာစံမြို့နယ်၌ ရွေးကောက်ပွဲနေ့မတိုင်မီ  ခရီးဝေးတွင် တာဝန်များ ထမ်းဆောင်ကြမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ၁၈ရက်ကစတင်၍ မန္တလေး၊‌အောင်‌မြေသာစံမြို့နယ် ဆောင်ရွက်ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းအချိန်က “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို  အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

မင်းဘူးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်များ ပြင်ဆင်တပ်ဆင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ၊ တပ်ဆင်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ ရုံးပေါင်းစုံ တတိယထပ်တွင် တပ်ဆင်စစ်ဆေးခဲ့ကြသည်။

ဆီဆိုင်မြို့နယ်၌ တရားရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် အိမ်ရာအဆောက်အဦ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့နယ် တရာရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် အိမ်ရာအဆောက်အဦ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊နံရံကပ်စာစောင်၊ဓာတ်ပုံနှင့် စာအုပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန  ခန်းမတွင်ကျင်းပသည်။
Subscribe to