ဘားအံမြို့နယ် ဆိုက်လောင်ထောင်ကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်တွင်ပါဝင်သည့်  အမျိုးသမီးများဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ဇွန် ၁၅ ရက် နံနက်၁၀ နာရီက ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာအုပ်စု ဆိုက်လောင်ထောင်ကျေးရွာ၌ ကျင်းပသည်။

တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက်ရောင်းချ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် ၇နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးအနီးတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက်  ရောင်းချပေးကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားကျောင်းသူများ Placement Test (အထူးအစီအစဉ်) ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ပညာသင်ကြားခွင့် ပြန်လည်ရရှိစေရန် Placement Test စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(တနင်္သာရီ)၌ ကျင်းပသည်။

တံတားဦးမြို့၌ ရောင်းချလျက်ရှိသည့်သည့် ဆေးဆိုင်များ၊ ပုဂ္ဂလိကဆေးခန်းများအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ရောင်းချလျက်ရှိသည့် ဆေးဆိုင်များနှင့် ပုဂ္ဂလိကဆေးခန်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀နာရီက ကွင်းဆင်း စစ်ဆေးသည်။

ပုလောမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် ကျောင်းသားကျောင်းသူများအားအတွက် အထူးစာမေးပွဲ စတင်ဖြေဆို    

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိ နေသော အခြေခံပညာ မူ/လယ် အဆင့် ကျောင်းသား/ ကျောင်းသူများ  Placement Test (အထူး အစီအစဉ်) စာမေးပွဲကို  ဇွန်  ၁၅ ရက် နံနက်ပိုင်းက  စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင်Grade 1 to Grade 8 ထိ အခြေခံပညာအဆင့်အလိုက် placement test (အထူးအစီအစဉ်) စာမေးပွဲစတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် အခြေခံပညာနှင့် စက်မှု စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် Grade 1 to Grade 8 ထိ အခြေခံပညာ အဆင့်အလိုက် placement test(အထူးအစီအစဉ်) စာမေးပွဲကို ဇွန် ၁၅ ရက်နံနက် ၉ နာရီမှစတင်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုလျက်  ရှိကြောင်းသိရသည်။

မြစ်သားမြို့နယ်အတွင်းရှိတောင်သူများ မိုးစပါးစိုက်ပျိုးရန် လုပ်ငန်းများစတင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်အတွင်းရှိတောင်သူများ ယခုနှစ် မိုးစပါးစိုက်ပျိုး ရာသီအချိန်မီစိုက်ပျိုးနိုင်ရန်အတွက် လယ်ယာမြေများထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ကွက်လျှက်ရှိကြောင်း မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထားဝယ်ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့် 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်း အနားကိုယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရေဖြူမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပန်းကြယ်သီးထိုးနည်းသင်တန်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(Community Centre)တွင် ယနေ့ နံနက်၉နာရီက ပန်းကြယ်သီးထိုးနည်းသင်တန်း ဖွင့်လှစ်သည်။

ဘုတ်ပြင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၁၅ ရက် နံနက်က ဘုတ်ပြင်းမြို့ ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
Subscribe to