မြစ်သားမြို့နယ်တွင် ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ၈၆၄၀/- ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး

မြစ်သား ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ် ပိဿာလျှင် ၈၆၄၀/-ကျပ်နှုန်းဖြင့်‌ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်‌ရှေ့တွင် ဇွန် ၁၅ ရက်မွန်းလွဲပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်းမှ မြစ်သားမြို့ ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့တွင် ဒေသခံပြည်သူများအား ဆီတစ်ပိဿာ ၈၆၄၀/- ကျပ်နှုန်းဖြင့် တစ်ဦးလျှင် နှစ်ပိဿာဖြင့် တစ်ရက်ဆီပိဿာပေါင်း (၂၈၈) ပိဿာအား စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးနေကြောင်း စားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)