ဖြူးမြို့နယ် အ.ထ.က (၁) ၌ ကျောင်းသား/ကျောင်းသူများအား လူငယ်စကားဝိုင်းပြုလုပ်ပေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်များရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်နှင့်တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့၊ မွန်းလွဲ (၁) နာရီအချိန်က ဖြူးမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။