အိမ်မဲမြို့တွင် (၅၅) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အလံတင်အခမ်းအနားနှင့် ကောက်သစ်စားပွဲတော်ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု လက်ပံကုန်းကျေးရွာတွင် ကရင်တိုင်းရင်သားလူမျိုးများ၏နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့တွင်ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူနေ့ အလံတင် အခမ်းအနားနှင့် ကောက်သစ်စားပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် (၅) နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။