ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး မင်းဂံရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုသည်။

ဘားအံမြို့၌ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်

ပြည်သူများ၏အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန် မှုဖြင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ဇွန် ၁၅ ရက် နံနက် ၉ နာရီက ဘားအံမြို့ ကရင်ပြည်နယ်လူငယ်စင်တာ၌ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကို ဖွင့်လှစ်သည်။

တောင်သာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)စာမေးပွဲစတင်ဖြေဆို

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို တောင်သာမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(မင်းစု)၌ ဇွန် ၁၅ ရက် နံနက်ပိုင်းက ကျင်းပသည်။

ဘုတ်ပြင်းမြို့နယ် အထက(အောက်လိပ်)ကျောင်း၌  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရက်(၁၀၀)စီမံချက်ဖြင့် ပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘုတ်ပြင်းမြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေးခဲ့သည့်  ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်ပွဲကို ဇွန် ၁၅ ရက်က နံနက် ၉ နာရီခွဲက ဘုတ်ပြင်းမြို့ အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဥပဒေ/နည်းဥပဒေနှင့်အညီ ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပို့ချ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး များအား ဥပဒေ/နည်းဥပဒေနှင့်အညီ ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပို့ချခြင်း အခမ်းအနားကို ယနေ့မွန်းလွှဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဝါးအခြေခံစက်မှု/ လက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဝါးအခြေခံစက်မှု/ လက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။      

စဉ့်ကူးမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသား ကျောင်းသူများအတွက် Placement Test စာမေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားကျောင်းသူများအတွက်  Placement Test စာမေးပွဲကျင်းပခြင်းကို ယနေ့နံနက် ၉နာရီမှစ၍  စဉ့်ကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခုတွင် ဆောင်ရွက်လျက်ရှိသည်။

ကြာအင်းဆိပ်ကြီးမြို့၌Placement Test(အထူး)စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့်ကျောင်းနေအရွယ် ကလေးများအတွက် Placement Test (အထူး)စာမေးပွဲကို ယနေ့နံနက် ၉နာရီက ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပသည်။

ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆံညှပ်ကလစ်ပြုလုပ်နည်းသင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်‌အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့အတွင်းရှိ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန် ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှုလုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့် ဆံညှပ်ကလစ်ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၁၀နာရီက ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။

မိုးစပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် မျိုးစပါးပေးအပ်ခြင်း အခမ်းအနားကျင်းပ

မိုးစပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် မျိုးစပါးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာ၊ တောင်သူ ဦးအောင်လွင်၏ လယ်မြေတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to