ကွမ်းခြံကုန်း ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဝက်ကိုက်ကျေးရွာဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် တောအုပ်ဦးအောင်စိုးက သစ်တောများက ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှု ပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်းရင်းများ၊ ကမ်းရိုးတန်းတစ်လျောက် ဒီရေတောများဖြစ်ပေါ်လာစေရေနှင့် သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းလုပ်ငန်းများအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မိမိတို့ပတ်ဝန်းကျင်ရှိ ဇီဝမျိုးများ မပျောက်ပျက်စေရေး ကာကွယ်ထိန်းသိမ်းသင့်သည့်အကြောင်းများ၊ ပတ်ဝန်းကျင်သာယာလှပစေရေးနှင့် ထိန်းသိမ်းရေးတို့အတွက် မိုးရာသီသစ်ပင်များ စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးပြီးသစ်ပင်များအား ကာကွယ်ထိန်းသိမ်းကြရန်၊ အပင်များရှင်သန်မှုလျော့နည်းလာခြင်း၊ ဒေသမျိုးရင်း ဒီရေတောပင်များအား ထိန်းသိမ်းသင့်သည့်အကြောင်းများ ပြည်သူလူထု ပူးပေါင်းပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ တောအုပ်ဦးအောင်စိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ/ ရွာသားများ တက်ရောက်ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)