၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (ကသဲစု)တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ မူးယစ်အန္တရာယ်နှင့် ပတ်သက်သည့် ဆိုးကျိုးများကို သိရှိစေရန် ရည်ရွယ်ကာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က အ.မ.က (ကသဲစု)၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။