ကျောက်ပန်းတောင်းမြို့တွင်အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ခုနှစ်မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့်သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ် သစ်တောဦးစီးဌာန နှင့်အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့၏ အစီအစဉ်ဖြင့် ယနေ့ နံနက်၇ နာရီက တံငါ့ကန်ကျေးရွာအုပ်စု ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင် အမှတ်၄/၀အနီးတွင် ပြုလုပ်သည်။

နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ (၂၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၁/၂၀၂၅)ကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက ပခုက္ကူမြို့၊ အမှတ်(၂) ခြေခံပညာကျောင်းဝန်း၌  ကျင်းပပြုလုပ်သည်။

မြို့သစ်မြို့နယ်တွင် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစို‌ပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု၊ ‌အောင်ချမ်းသာကျေးရွာ အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲ၊‌ စာသင်ကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုတက္ကသိုလ်တွင် အပူပိုင်း​ဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်​ရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပပြုလုပ်သည့် စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုတက္ကသိုလ်တွင် ခရိုင်အပူပိုင်း​ဒေသ (၁၃) ခရိုင်စိမ်းလန်းစိုပြည်​ရေး ​၂၀၂၅ ခုနှစ် မိုးရာသီလူထု လှုပ်ရှားမှုအသွင်ဖြင့် စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ​တော်ကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ရေတားတမံဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း စီးဆင်းလျက်ရှိသော ရေချောင်းများ မိုးတွင်းကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေတားတမံဆောင်ရွက်နိုင်ရေးအတွက် လင်းခေးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး၊ မိုးနဲမြို့နယ်မှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နားခံကျေးရွာအုပ်စု ခဲတောင်ကြီးကျေးရွာရှိ နမ့်မော်စွယ်ချောင်းနှင့် နမ့်မချောင်းဆုံရာနေရာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက  ရေနံချောင်းမြို့ မြို့ရှောင်လမ်းမိုင်တိုင်အမှတ် (၃၅၇/၅)အနီးရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အထူးစိမ်းလန်းစိုပြည်ရေး (Greening Complex Zone) ဇုံစီမံကိန်းဧရိယာ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်သည်။

ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျွန်းလှမြို့၊ ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

တာလေမြို့တွင် အသက် (၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အသက်(၁၈)နှစ် ပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ နားယောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မိချောင်းဆွဲခံရ၍ သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့မှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲချောင်းအတွင်း၌ ဇူလိုင်(၂)ရက်နေ့တွင် အသက်(၃၂)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကိုလည်းကောင်း၊ ဇူလိုင်(၃)ရက်နေ့တွင် (၁၆)နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးကို လည်းကောင်း မိချောင်းဆွဲခံရသဖြင့် သေဆုံးသူ(၂)ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့မှုကို ဇူလိုင်(၁၀)ရက် ညနေ (၃)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to