နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ (၂၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လဟယ် ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၁/၂၀၂၅)ကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ဖတ်ကြားတင်ပြပါသည်။ ထို့နောက်နာ‌ဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါအောင်မြင်သသည့် ကုမ္ပဏီများကို စာချုပ်အမြန်ချုပ်ဆိုပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မှီ‌ရေး သက်ဆိုင်ရာဌာနများမှ ကြပ်မတ် ဆောင်ရွက်သွားရန် စိုက်ပျိုးရာသီမှာ လျာထားဧက ပြည့်မှီအောင်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားပါသည်။ ထို့နောက်နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးပါသည်။

ထို့နောက်ဒေသအဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တင်ပြကြရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)