မိုးနဲ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း စီးဆင်းလျက်ရှိသော ရေချောင်းများ မိုးတွင်းကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေတားတမံဆောင်ရွက်နိုင်ရေးအတွက် လင်းခေးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး၊ မိုးနဲမြို့နယ်မှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နားခံကျေးရွာအုပ်စု ခဲတောင်ကြီးကျေးရွာရှိ နမ့်မော်စွယ်ချောင်းနှင့် နမ့်မချောင်းဆုံရာနေရာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လင်းခေးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှူး ဦးအေးမင်းနှင့် မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ထွန်း၊ မြို့နယ်မြေစာရင်း၊ မြို့နယ်သစ်တော၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံကိုယ်စားလှယ်များ ၊ နားခံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက နမ့်မော်စွယ်ချောင်းနှင့် နမ့်မချောင်းဆုံရာနေရာတွင် ရေတားတမံဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)