ဘိုကလေးမြို့နယ်တွင် မိချောင်းဆွဲခံရ၍ သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့မှုများဆောင်ရွက်

ဘိုကလေး ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲချောင်းအတွင်း၌ ဇူလိုင်(၂)ရက်နေ့တွင် အသက်(၃၂)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကိုလည်းကောင်း၊ ဇူလိုင်(၃)ရက်နေ့တွင် (၁၆)နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးကို လည်းကောင်း မိချောင်းဆွဲခံရသဖြင့် သေဆုံးသူ(၂)ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့မှုကို ဇူလိုင်(၁၀)ရက် ညနေ (၃)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သေဆုံးသူများ၏မိသားစုဝင်များ လက်ဝယ်အရောက်သေဆုံးသူ(၁)ဦးလျှင် (၃)သိန်းကျပ်နှုန်းဖြင့် (၂)ဦးစာအတွက် ငွေကျပ်စုစုပေါင်း (၆) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)