အိမ်မဲမြို့တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများအား ငွေကျပ် သိန်း (၁၀၀၀) ပေးအပ်ခြင်းအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ငွေလုံးငွေရင်းအသုံးစရိတ်မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ငွေကျပ်သိန်း (၁၀၀၀) ပေးအပ်ခြင်းအခမ်းအနား ကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။