ကျောက်ပန်းတောင်း ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ခုနှစ်မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့်သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ် သစ်တောဦးစီးဌာန နှင့်အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့၏ အစီအစဉ်ဖြင့် ယနေ့ နံနက်၇ နာရီက တံငါ့ကန်ကျေးရွာအုပ်စု ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင် အမှတ်၄/၀အနီးတွင် ပြုလုပ်သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်ဝင်းက သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများကို ပျိုးပင်များလွှဲပြောင်းပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၃၀၈ ဦးတို့က တမာ(၃၀၀)၊ ဖျောက်ဆိပ်(၃၀၀) ပျိုးပင်စုစုပေါင်း(၆၀၀)ကို စိုက်ပျိုး ပေးခဲ့ကြသည်။
ထို့နောက်အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ပျိုးပင်များအား စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သဲသဲ(ပြန်/ဆက်)