ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

ကျွန်းလှ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျွန်းလှမြို့၊ ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါဖူဆယ်ဘောလုံးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့က ပြိုင်ပွဲဝင်အသင်း ၂၅ သင်းဖြင့် စတင်ကျင်းပခဲ့ကြောင်း၊ ယခုအခါ အသင်း ၁၅ သင်းကို ဒုတိယအကြိမ် အုပ်စုပတ်လည်စနစ်ဖြင့် ဆက်လက်ကျင်းပလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ထို့အပြင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အားကစားကိုစိတ်ပါဝင်စားပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကနည်းအလိုက် ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို