ပြည်ကြီးမဏ္ဍိုင်မြို့တွင် မိသားစုဝင်ငွေတိုးပွားစေရန် တစ်နိုင်တစ်ပိုင် နဂါးမောက်ပင်များ စိုက်ပျိုး
တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်၊ နှစ်တိုသီးနှံပင်များ စိုက်ပျိုးခြင်းအပြင် မိသားစုအပိုဝင်ငွေတိုးပွားစေရန်အတွက် အိမ်ဘေးရှိမြေကွက်လပ်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ နဂါးမောက်ပင်များ စိုက်ပျိုးအောင်မြင်ပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။