တာလေ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အသက်(၁၈)နှစ် ပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ နားယောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် တာလေမြို့ တိုက်နယ်ဆေးရုံမှ အမျိုးသမီးနှင့် ကျန်းမာရေးဆရာမ ဒေါ်နန်းစိန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစား (COMIRNATY JN.1)ဆေးတစ်ဗူးလျှင် (၆)ဦးနှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူစုစုပေါင်း(၁၂၆)ဦးကို ထိုးနှံပေးခဲ့ကြကြောင်းနှင့် တာလေမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုတွင်လည်း သက်ဆိုင်ရာစုရပ်အသီးသီးတွင် သတ်မှတ်ရက်များ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)