မြို့သစ်မြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ စာသင်ကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။