ရွှေဘို ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်တွင် ခရိုင်အပူပိုင်းဒေသ (၁၃) ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထု လှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေစစ်နယ်မြေမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေး၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးသန့်ဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးတို့က၊ရွှေဘို တက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်များ၊ သူနာပြုသင်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ၊ ခရိုင်မီးသတ်၊ ခရိုင်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူကိုယ်စားလှယ်များထံ သစ်ပျိုးပင်များ ပေးအပ်ခဲ့သည်။
ထို့နောက် အမှတ်(၅)စစ်အုပ်ချုပ်ရေး နယ်မြေစစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိုးနှင့် ဒုတိယပါမောက္ခချုပ်ဆရာမကြီးများ၊ ပါမောက္ခ၊ကထိက၊ မော်ကွန်းထိန်း၊ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး ယူကလစ်(၂၀၀)၊ ပိတောက် (၄၀၀)၊ မယ်ဇယ်(၃၀၀)၊ သပြေဘူတ(၅၀၀)၊ ခရေ(၃၀၀)၊ ရေတမာ(၂၀၀)၊ ဆီသပြေ(၃၀၀)၊ ဖျောက်စိတ်(၃၀၀)၊ မယ်ဇလီ(၂၀၀)နှင့် တမာ(၃၀၀) စုစုပေါင်း သစ်ပျိုးပင် (၃၀၀၀)အား စုပေါင်း စိုက်ပျိုးခဲ့ကြပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ အကြော်ကောက်ညှင်းပေါင်းနှင့် မုန်များဝေငှပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)