သရက် ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ လေးတိုင်စင်ကျေးရွာတွင် မြစ်ရေဝင်ရောက်ခဲ့သည့် အိမ်ခြေ (၈)လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၄၅)ဦးအတွက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီက ရွှေမုဌောဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေခြင်းကို သရက်မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြစ်ရေဝင်ရောက်ခဲ့သည့် အိမ်ခြေ (၈)လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၄၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (ကျပ်-နှစ်သိန်းနှစ်သောင်းငါးထောင်/တိတိ)အား ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)