မအူပင် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ POLYTECHNIC UNIVERSITY (Maubin) Faculty of Computing ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ယနေ့မွန်းလွဲ (၂) နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာမအူပင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်(ဖျာပုံ)မှ ရဲအုပ်အောင်ထွန်းဦးမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာများအား ရှင်းလင်း ဟောပြောသည်။
ဆက်လက်၍ မအူပင်ခရိုင် ဥပဒေအရာရှိ ဦးဝေဟင်မှ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်နှင့် ဥပဒေပုဒ်မများ အားရှင်းလင်းဟောပြောပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များအားမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ POLYTECHNIC UNIVERSITY (Maubin) Faculty of Computingမှ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာသန္တာသိန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်