ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား နယ်လှည့်ဆေးကုသမှု ဆောင်ရွက်ပေး

ကြံခင်း   ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ ယမန်နေ့နံနက်ပိုင်းကစ၍ Mobile Medical Unit(MMU) ဖြင့် လူမှုူဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်အရောက် နယ်လှည့် ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကုသပေးရာတွင် ဒေါက်တာမေမြတ်ထွန်း ဦးဆောင်၍  သူနာပြုနှင့်အကူအပါအဝင် (၁၀)ဦးတို့က အာမခံအလုပ်သမားများဖြစ်သည့် လူမှုဖူလုံရေးအပါ အဝင် (၇၄)ဌာနမှ ကျား ၁၂၀ ဦး၊ မ ၇၀ ဦး စုစုပေါင်း ၁၉၀ ဦးအား လူမှုဖူလုံရေးရုံး ဆေးခန်းတွင် လည်းကောင်း၊ ကလို့ကွင်းအုပ်စုရှိ အမှတ်(၃၂) အကြီးစားစက်ရုံ (ဘိလပ်မြေ)နှင့် သစ်ထုတ်လုပ်ရေးဦးစီးဌာနတို့မှ ကျား ၁၉၀ ဦး၊ မ ၇၃ ဦး စုစုပေါင်း ၂၆၃ ဦးတို့အား ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်း၊ သွေးစစ်ဆေးခြင်း၊ ECG စနစ်ဖြင့် ကျန်းမာရေးစစ်ဆေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို Mobile Medical Unit (MMU) ရွေ့လျားဆေးကုသယာဉ်ဖြင့် သွားရောက်၍ ဇူလိုင် ၂၄ ရက်နေ့မှ ဇူလိုင် ၂၅ ရက်နေ့ညနေပိုင်းအထိ  စမ်းသပ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)