ကလော ဇူလိုင် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ ပစ္ဆိမာရုံပရဟိတဂေဟာကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကလောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ကလေးသူငယ်ဆိုသည်မှာ၊ ကလေးသူငယ်အခွင့်အရေး၊ ကလေးတိုင်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဝင်း(ပြန်/ဆက်)