ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး အသိပေးနှိုးဆော်၊ လက်ကမ်းစာစောင်များဖြန့်ဝေ

ကြာအင်းဆိပ်ကြီး ဩဂုတ်၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် အသိပေးနှိုးဆော်မှုများကို မြို့ပေါ်ရပ်ကွက်များ၊ ဈေးများ၊ ကျောင်းများ၊ ကျေးရွာများတွင် စဉ်ဆက်ပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ယာယီပျံကျဈေးရှိ ပြည်သူများအား မြန်မာနိုင်ငံ၌ ယခင်ပိုးထက် ၁၀ ဆကူးစက်မြန်သည့် မျိုးဗီဇပြောင်းပိုးတွေ့ရှိသည့်အခြေအနေ၊ ပြည်တွင်းကူးစက်မှုအခြေအနေ၊ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားမှု အခြေအ‌နေနှင့် သတိပြုလိုက်နာရမည့်အချက်များကို အသိပေးနှိုးဆော်ပေးပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သဲဝါ(ပြန်/ဆက်)