မအူပင်မြို့နယ်၌ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၃၀၀၉၉၀)ကောင် ထောက်ပံ့ပေးအပ်

မအူပင်  သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန အောင်ဟိတ် ငါးလုပ်ငန်းစခန်းမှ Covid-19 Economic Relief Plan Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံပေးခြင်းကို ယမန်နေ့ မွန်းလွဲ နာရီက အောင်ဟိတ်ငါးလုပ်ငန်းစခန်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်မင်းဦးက Covid-19 Economic Relief Plan Action Planအရ ငါးမွေးတောင်သူများအား ငါးသားပေါက် ထောက်ပံပေးအပ်ရခြင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်မင်းဦးနှင့် အောင်ဟိတ် ငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးအောင်မြင့်မိုး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဟိန်းတင့်တို့က ငါးသားပေါက်များ ထောက်ပံပေးအပ်ခဲ့ရာ ကျေးရွာတာဝန်ခံများက လက်ခံရရှိခဲ့သည်။

အဆိုပါ အောင်ဟိတ်ကျေးရွာနှင့် လပ်ရှေ့ကျေးရွာများမှ ငါးမွေးတောင်သူ(၁၈)ဦး၏ ဧက (၁၅၀.၄၉၅)ဧက အတွက် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၃၀၀၉၉၀)ကောင်အား ထောက်ပံ ပေးအပ်ခဲ့ကြောင်း ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မင်းဦးထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)