စမ်းချောင်း သြဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်(၁၈)ခုအတွင်းရှိ အသက် (၉ )နှစ်မှ (၁၀) နှစ်ကြား မိန်းကလေးငယ် များကို သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန် စာရင်းများ စတင်၍ ကောက်ယူနေပြီဖြစ်ပါသည်။
(၂၀၁၀) စက်တင်ဘာလမှ (၂၀၁၁) သြဂုတ်လအတွင်း မွေးဖွားခဲ့သူ တနည်း အသက် (၉) နှစ်မှ (၁၀) နှစ်ကြား မိန်းကလေးများကို သားအိမ် ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန် စမ်းချောင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနက ဦးဆောင်၍ ရပ်ကွက် မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ရပ်ကွက်အလိုက် စတင်၍ စာရင်းများ ကောက်ယူလျက် ရှိပါသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို နိုင်ငံတော်မှ အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခင်ချောစုဝင်း (ပြန်/ဆက်)