မင်းတပ် သြဂုတ် ၂၁
မင်းတပ်ခရိုင်အတွင်းရှိ ၂၀၁၉−၂၀၂၀ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အထက(၁)ခန်းမ၌ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးထန်းအွမ်က အမှာစကားပြောကြားရာတွင် လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိဒေသအတွက် ယခုလိုဂုဏ်ယူနိုင်အောင် ကြိုးစားပေးသည့်အတွက် ဂုဏ်ယူပါကြောင်း၊ သင်ကြားပြသပေးသော ဆရာ/မများ၊ ပံ့ပိုးပေးကြသော မိဘများအားလုံးကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ဆက်လက်ပြီး မိဘ၊ ဆရာနှင့်ကျောင်းသားများကလည်း ဆက်လက်ကြိုးစားပေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် မင်းတပ်မြို့ အထက(၁)မှ (၃)ထပ်ကွမ်းလူရည်ချွန် မရွှီမနားချိုင်၊ ဒသမတန်း လူရည်ချွန် မောင်ဇော်ထိုက်၊ နဝမတန်း လူရည်ချွန် မောင်ဇွဲညီထက်၊ အဋ္ဌမတန်း လူရည်ချွန် မမောင်းရှိန်းမံ၊ မတူပီမြို့ အထက(၁)မှ နဝမတန်း လူရည်ချွန် မဒိန်ထဲန်နှင့် အဋ္ဌမတန်း လူရည်ချွန် မောင်အဲန်ဇွဲထန်တို့အား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)