နတ်တလင်း သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ အရပ်ရပ် အခွင့်အရေးလိုင်စင်များ ပထမအကြိမ် ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးရုံးတွင် ကျင်းပဆောင်ရွက်သည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးအောင်မိုးဦးက အမှာစကားပြောကြားသည်။ နံနက်ပိုင်းအချိန် တွင် သားသတ်အခွင့်အရေး လိုင်စင်များကို စျေးပြိုင်စနစ်ဖြင့် ရောင်းချ၍ အပေါင်ဆိုင်လုပ်ငန်း လိုင်စင်များကို နေ့လည်ပိုင်းတွင် ဆက်လက်ရောင်းချသည်။
လေလံရောင်းချရာတွင် အပေါင်ဆိုင် လိုင်စင်များအား သက်တမ်းတိုးစနစ်ဖြင့်လည်းကောင်း၊ သားသတ်အခွင့်အရေး လိုင်စင်များအား အညီအမျှ ခွဲဝေချထားခြင်းဖြင့် လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။ အရပ်ရပ်အခွင့်အရေး လိုင်စင်များကို (၂၁-၈-၂၀၂၀) နေ့တွင် ပထမအကြိမ်၊ (၂၆-၈-၂၀၂၀)နေ့တွင် ဒုတိယအကြိမ်၊ (၂-၉-၂၀၂၀)နေ့တွင် တတိယအကြိမ်၊ (၈-၉-၂၀၂၀)နေ့တွင် ချိတ်ပိတ် တင်ဒါ နှင့် (၁၄-၉-၂၀၂၀)နေ့တွင် အခြားနည်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့် နတ်တလင်း