မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် ဒေသခံပြည်သူများအား ပေးအပ်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ဒေသခံလူနေအိမ် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ပစ္စည်းစုံပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။