မြစ်သား ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ဒေသခံလူနေအိမ် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ပစ္စည်းစုံပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးလျက်ရှိသလို ငလျင်ဘေးသင့် အကျိုးခံစားခွင့်ရှိသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါ်ရီရီတင် ဦးဆောင်သည့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင့်လွင်ဦးနှင့်တပ်ဖွဲ့ဝင် (၁၅) ဦးတို့က မြစ်သားမြို့ပေါ် (၆) ရပ်ကွက်ရှိ ငလျင်ဘေးသင့်အိမ်ထောင်စု (၁) စုလျင် စောင်၊ မိုးကာချပ်(၂) ချပ်၊ လက်သမားသုံးပစ္စည်းအစုံ (၁) စုံ၊ ဆိုလာမီးအိမ် (၁) ခု၊ ရေဘူးအိတ် (၁) ခုနှင့် တကိုယ်ရေသုံးပစ္စည်းအစုံ (၁) ဖာဖြစ်ပြီး မြို့ပေါ် (၆) ရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း (၂၁၂) စုတို့အား ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်ဦး၊ တပ်ခွဲမှူး ဦးထက်ထက်ဟန်နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များက မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ဒေသခံပြည်သူများအား ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)