မဟာအောင်မြေ ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသောဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် မြို့နယ်အလိုက် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃လမ်း၊ တက္ကသိုလ်လေ့ကျင့်ရေးရှေ့တို့တွင် ရောင်းချပေးခဲ့သည်။
ဆက်လက်၍ သက်သာဈေးရောင်းချမည့် အစီအစဉ်ကို အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ ပန်းပဲတန်းရပ်၊ တောင်မြို့ဆေးရုံမြောက်ဘက် မဟာဂန္ဓာရုံ အနောက်ဘက်တို့တွင် လည်းကောင်း၊ ဇူလိုင် ၃၁ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၄၆၈ မုခ်ဦး တန်းမျှောရုံ၊ အ.မ.က (၃) မြောက်ဘက်၊ ၈၄လမ်း၊ ခတ္တန်းမုခ်ဦးတန်း လမ်းမဘေးတွင် လည်းကောင်း၊ သြဂုတ် ၁ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက်၊ ၂၇ လမ်း၊ ၇၁လမ်းနှင့် ၇၂ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း၊ မိုးထိအောင်စည် ကျောင်းရှေ့တို့တွင် လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။
ထိုသို့ တိုက်ရိုက်ရောင်းချနေမှုအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးနှင့်သားသတ်ဌာနဌာနမှူး ဦးသက်နိုင်နှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း