ခမောက်ကြီးမြို့၊ အ.ထ.က ခမောက်ကြီးကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ သံဓာတ်အားဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ အ.ထ.က ခမောက်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။