နတ်မောက်မြို့နယ်တွင် မိုးတွင်းကာလ မျှစ်ပေါ်ချိန်၌ မျှစ်သိုလှောင်သူများပြား

နတ်မောက် ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း ရောင်းချသည့် ဈေးသည်များသည် ယခုမိုးရာသီကာလတွင် ဝါးပင်မှ မျှစ်နုများထွက်သည့်ကာလဖြစ်သောကြောင့် မျှစ်ပေါ်ချိန်ဖြစ်၍ မျှစ်များကို ဝယ်ယူပြီး မျှစ်သိပ်လှောင်သူများပြားလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့က မြို့မစည်ပင်သာယာရေးဈေးအတွင်း ဈေးရောင်းသူများအနေဖြင့် မိုးတွင်းကာလ မျှစ်များလှိုင်လှိုင်ပေါနေချိန်မှာ ကျွန်မတို့က မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာ၊ ဘော့ကျေးရွာနှင့် ဇီးလုံးကျေးရွာများမှ မျှစ်အဝယ်ဒိုင်ဆီကတစ်ဆင့် မျှစ်သိပ်လှောင်ရန်မှာယူရပါတယ်၊ မျှစ်တစ်ပိဿာ ကို (၁၇၀၀)ကျပ်ဈေးနှုန်းပေးဝယ်ပြီး အိမ်အရောက်ကားနဲ့ပို့ပေးပါတယ်၊ မျှစ်သိပ်မယ်ဆိုရင် မျှစ်(၃၅)ပိဿာကို ဆား(၂)ပိဿာခွဲ ကုန်ပါတယ်၊ ဝါးပိုထဲကိုမျှစ်ထည့်ပြီး မျှစ်တွေကိုသိပ်၍ လှောင်ရပါတယ်၊ မျှစ်အချိန်(၁၇၀၀)ပိဿာ လှောင်ထားပါတယ်၊ စုစုပေါင်းကုန်ကျငွေကတော့ (၃၂၄၃၅၀၀)ကျပ် အရင်းရှိပါတယ်၊ သိပ်ပြီးလှောင်ထားတဲ့ မျှစ်တွေကိုတော့ တန်ဆောင်မုန်းလမှာ စဖွင့်ပြီးရောင်းပါတယ်၊ ကိုယ်တိုင်လည်းရောင်းချပြီး ဈေးအတွင်းကိုလည်း လက်ကားအနေနဲ့ ရောင်းချပါတယ်ဟု” မျှစ်သိပ်သိုလှောင်သူ‌ ဈေးရပ်ကွက်နေဒေါ်စန်းနွဲ့ထံမှ သိရသည်။

လှဝင်း