ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် အနောက်ရွာတော်ကျေးရွာလမ်းအား ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်မည်

ကျောက်ဆည် ဇူလိုင်  ၃၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး အတွက် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် အနောက်ရွာတော်ကျေးရွာအဝင်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သည်။

အနောက်ရွာတော်ကျေးရွာအဝင်လမ်းသည် ယခင်ကမြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလတွင် သွားလာ ရေးခက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်၈၄ ဒသမ ၁၆ သန်း အကုန်အကျခံကာ အရည်အသွေးပြည့်မီစွာဖြင့် လမ်းရေရှည် တည်တံ့ရေး ဒုခြောက်လက်မ၊ လမ်းအကျယ် ၁၆ပေ၊ လမ်းအရှည် ၀ ဒသမ ၃မိုင်ကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက အနောက်ရွာတော်ကျေးရွာမှ အိမ်ခြေ၊ အိမ်ထောင်စု၈၀၊ လူဦးရေ၃၆၇ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ဖွံ့ဖြိးတိုးတက် လာမည်ဖြစ်ကြောင်း၊ အခြားဒေသများနှင့် ဒေသထွက်ကုန်များ  လွယ်ကူမြန်စွာ သယ်ယူရောင်းဝယ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)