ကျောက်ကြီးချောင်းရေမြင့်တက်လာမှုကြောင့် ရေဝင်ရောက်နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်လံကြည့်ရှုစစ်ဆေး

ကျောက်ကြီး ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်သက်ဆိုင်ရာတာဝန်ရှိသူများ ကျောက်ကြီးချောင်းရေမြင့်တက်လာမှုကြောင့် ရေဝင်ရောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကျောက်ကြီးချောင်းရေဝင်ရောက်မှုကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေကြီးနစ်မြုပ်မှုကူညီကယ် ဆယ်ထောက်ပံ့ရေးအဖွဲ့ဝင်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြောင်းရွှေ့ရန်လိုအပ်သောအိမ်များအား ပြောင်းရွှေ့နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေများထပ်မံဝင်ရောက်လာပါက အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေး မီးသတ်ဌာနမှဦးဆောင်ပြီး ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်လိုအပ်သောကယ်ဆယ်ရေးပစ္စည်းများ၊ လူအင်အားများ၊ ရိက္ခာများပြင်ဆင်ဆောင်ရွက်ထားရှိပြီးလိုအပ်ပါက တပ်နယ်၏အကူအညီရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်ရေကြီးနစ်မြုပ်မှုကြောင့် ကျောက်ကြီးမြို့ပေါ်ရှိစာသင်ကျောင်း ၃ ကျောင်း၊ မုန်းကျေးရွာအုပ်စုရှိ စာသင်ကျောင်း ၃ ကျောင်း၊ စုစုပေါင်း စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားရပါကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)