မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် မိချောင်းရဲကျေးရွာအုပ်စုရှိ ဆိပ်သာဆိုလာစနစ် ရေတင်စီမံကိန်းလုပ်ငန်း ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် မိချောင်းရဲကျေးရွာအုပ်စုရှိ ဆိပ်သာဆိုလာစနစ်ရေတင်စီမံကိန်းလုပ်ငန်း ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ရပ်စောက်၌ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း (၄၉.၆၂) ရာခိုင်နှုန်းရှိ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက အ.ထ.က (၁) ရပ်စောက်၊ အ.ထ.က (၁) ဗထူးနှင့် အ.ထ.က (၂) စာစစ်ဌာန (၃) ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား/ ကျောင်းသူများ၏ အောင်စာရင်းများကို အဆိုပါစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာသင်ပုံးများဖြင့် ထုတ်ပြန်ကြေညာ၍ ဖြေဆိုသူ (၇၈၆) ဦးတွင် အောင်ချက်ရာခိုင်နှုန်း(၄၉.၆၂) ရာခိုင်နှုန်းဖြင့်စုစုပေါင်း (၃၉၀) ဦးအာင်မြင်ခဲ့ကြောင်းနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၃၅) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၃) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၀) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၃၁) ဦးရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။

မိုင်းခတ်မြို့၌‌ ချောင်းရေကျဆင်း၍ ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ ယခင်အတိုင်း ပြန်လည်သွားလာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းက နမ့်လွေချောင်းရေမှတစ်ဆင့် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းသွားလမ်းမပေါ်သို့ ရေကျော်ခဲ့ရာ ယနေ့နေ့လယ်ပိုင်းအချိန်တွင် ရေများပြန်လည်ကျဆင်း၍ ခရီးသွားပြည်သူများ၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ ယခင်အတိုင်း ပြန်လည်သွားလာ၍ရပြီဖြစ်ကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာရှိ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာတွင် ဇူလိုင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွါးခဲ့သည့်နေရာများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွှဲပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၊ နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပင်းတယမြို့နယ်အတွင်းရှိ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဇူလိုင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများကြောင့် ကားလမ်းများ ရေကျော်ခြင်း တံတားများကျိုးကျပျက်စီးခြင်းနှင့် တောင်ကျရေများစီးဝင်မှုကြောင့် လူနေအိမ်အချို့မျှောပါခြင်းများဖြစ်ပေါ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာအချိုးကျသုံးစွဲနည်း၊ နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် တောင်သူများ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲနည်း၊ နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် အကျိုးဆောင်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ရှိ အစည်းအဝေးခန်းမတွင် အဆိုပါ တက္ကသိုလ်၏ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲကကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ‌သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
Subscribe to