ရမည်းသင်းမြို့နယ်၌ ပြည်သူများ သက်‌သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် စားသောက်ကုန်များ ရောင်းချပေး

မန္တ​လေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ပြည်သူများ သက်သာသောနှုန်းထားများဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စား​သောက်ကုန် (၈) မျိုးကို ဈေးနှုန်းချိုသာစွာဖြင့် သီလဝခန်းမ ရှေ့၌ ယနေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိသည်။

မိုင်းပျဉ်းမြို့၌ လက်စွဲကောက်စိုက်စက်ဖြင့် ကောက်စိုက်ခြင်း သရုပ်ပြဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လက်စွဲကောက်စိုက်စက်ဖြင့် ကောက်စိုက်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယမ်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ရေတာရှည်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်ငူမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ရဟန်းရှင်၊ လူ၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စပ်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်) (၂)ခု သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသား စုဝင်ငွေတိုးရေးစီမံကိန်းအတွက် ဖွင့်လှစ်သည့် စပ်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)(၂)ခု သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင် ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

လဲချားမြို့နယ်တွင် မြို့မစျေးသမဝါယမအသင်း(လီမိတက်)မှ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် မြို့မစျေးသမဝါယမအသင်း(လီမိတက်)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ သင်းလုံးကျွတ်အစည်းအဝေးပွဲ ကျင်းပသည်။

မိုးကောင်းမြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်း နည်းပြဆရာဖြစ်သင်တန်းပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်း နည်းပြဆရာဖြစ်သင်တန်းကို ယမန်နေ့ နေ့လယ်(၁)နာရီတွင် ပို့ချသင်ကြားသည်။

အမရပူရမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစား (ပင်စင်စား) များအားUID ကတ်များ နေ့ချင်းပြီး ကွင်းဆင်းရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံး၌ ဇူလိုင်လ ၂၁ ရက်နေ့ကစတင်ပြီး နေ့စဥ်နိုင်ငံဝန်ထမ်းအငြိမ်းစား (ပင်စင်စား) များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကို နေ့ချင်းပြီး မြို့နယ်လဝကရုံးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒလမြို့နယ်ရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မှော်စက်ရပ်ကွက်ရှိ မှော်စက်ဘုန်းတော်ကြီးကျောင်း၌  သံဃာတော်များနှင့်ဒေသခံပြည်သူများကို ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ကျွန်းစုမြို့၌ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာတွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီအချိန်က ဗိုလ်ချုပ်လမ်းမကြီးတစ်‌လျှောက် လမ်းဘေးဝဲယာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဒေါက်မြို့၌ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း ၈ ကျောင်း ခေတ္တပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး မဒေါက်မြို့နှင့်အနီးကျေးရွာများ၌ မြစ်ရေကြီးမှုဖြစ်ပေါ်ကာ ဇူလိုင်လ (၂၆)ရက်နေ့ကစ၍ စာသင်ကျောင်းရှစ်ကျောင်း ခေတ္တပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Subscribe to