မောက်မယ်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များခွဲခြားစွန့်ပစ်မှုစနစ် သရုပ်ပြခြင်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်း၌ ယနေ့နံနက် ၁၀ နာရီက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များခွဲခြားစွန့်ပစ်မှုစနစ်သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့သည်။