ကျိုင်းတုံ ဇူလိုင် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာရေးဆရာ အညတရဘိက္ခု(ဗုဒ္ဓဘာသာကျောင်း) ရေးသားသည့် ဒါလေးများနှင့် အခြားအတွေးအမြင် ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒါလေးများနှင့် အခြားအတွေးအမြင် ဆောင်းပါးများ စာအုပ်ကို ဇူလိုင်လ ၂ ရက်တွင် စာဖတ်ဝိုင်း(ပထမ)ပိုင်းအနေဖြင့် ကျင်းပခဲ့ပြီး စာဖတ်ဝိုင်း(ဒုတိယ)ပိုင်းအနေဖြင့် ဇူလိုင်လ ၂၉ ရက်တွင် ဆက်လက်ကျင်းပရာ အဆိုပါစာအုပ်ရေးသာသည့် စာရေးဆရာ အညတရဘိက္ခု (ဗုဒ္ဓဘာသာကျောင်း)၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်းရွာ ဇောတိကာရုံကျောင်း၊ ပဓာန နာယကဆရာတော် အရှင်ပညာသာမိက အဖွင့်မိန့်ကြားတော်မူပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ နာယကများနှင့် အဖွဲ့ဝင်များက ဒါလေးများနှင့် အခြားအတွေးအမြင် ဆောင်းပါးများ စာအုပ်မှ အတွေးအမြင်များ၊ ဗဟုသုတရဖွယ် အကြောင်းအရာများနှင့် စာပေဆိုင်ရာ အကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)