မိုင်းပျဉ်းမြို့၌ လက်စွဲကောက်စိုက်စက်ဖြင့် ကောက်စိုက်ခြင်း သရုပ်ပြဆောင်ရွက်

မိုင်းပျဉ်း ဇူလိုင် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လက်စွဲကောက်စိုက်စက်ဖြင့် ကောက်စိုက်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယမ်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ မိုင်းပျဉ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်စွဲကောက်စိုက်စက်ဖြင့် ကောက်စိုက်ခြင်း သရုပ်ပြဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ စိုက်ပျိုးရေးဦးစီး ဦးမျိုးထက်၊ မြေစာရင်းဦးစီးမှူး ဦးအောင်လွင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမြင့်သန်း၊ သစ်တောဦးစီးမှူးတို့လိုက်ပါ၍ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာမှ တောင်သူ ဦးဆုဝုန်းလယ်မြေတွင် စိုက်ပျိုးနေမှုအား ကျေးရွာတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် တောင်သူဦးဆုဝုန်း၏ လယ်မြေ(၅.၀၀)ဧကတွင် စိုက်ပျိုးထားရှိသော ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ဆောင်ရွက်ထားရှိမှုအား တောင်သူများအား ပြသပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)