မဒေါက် ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး မဒေါက်မြို့နှင့်အနီးကျေးရွာများ၌ မြစ်ရေကြီးမှုဖြစ်ပေါ်ကာ ဇူလိုင်လ (၂၆)ရက်နေ့ကစ၍ စာသင်ကျောင်း ၈ ကျောင်း ခေတ္တပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အခြေခံပညာကျောင်းများအတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် အ.လ.က (ဂျောင်းတာ)၊ အ.လ.က(ခွဲ)မဒေါက်၊ မူလွန်-ချောင်းကျိုး၊ မူလွန်-စံကျောင်းစု၊ အ.မ.က(ကျောက်ပုံရွာဟောင်း)၊ အ.မ.က (ဥတိုတာတွင်း)၊ အ.မ.က (ပလာချောင်းသစ်)နှင့် အ.မ.က (ငါးတဲစု)စာသင်ကျောင်းများကို ခေတ္တပိတ်ထားမည်ဟု သိရသည်။
မဒေါက်မြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၀၇၀)စင်တီမီတာဖြစ်ပြီး ဇူလိုင် ၂၈ ရက် မွန်းလွဲ(၁၂း၃၀)နာရီအချိန်တွင် (၁၂၃၆)စင်တီမီတာသို့ ရောက်ရှိနေကာ မြစ်ရေမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)