မိုးကောင်းမြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်း နည်းပြဆရာဖြစ်သင်တန်းပို့ချ

မိုးကောင်း ဇူလိုင် ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်း နည်းပြဆရာဖြစ်သင်တန်းကို ယမန်နေ့ နေ့လယ်(၁)နာရီတွင် ပို့ချသင်ကြားသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက်အား ကျွမ်းကျင်စွာအသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ပြည်နယ်တွဲဖက်ဦးစီးအရာရှိ ဦးစိုင်းညီညီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သူဇာဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ(၃၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအားဇူလိုင်လ(၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ စာတွေ့လက်တွေ့(၂)ပိုင်ခွဲ သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သန်းလွင်ဦး(ပြန်/ဆက်)