လဲချား ဇူလိုင် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် မြို့မစျေးသမဝါယမအသင်း(လီမိတက်)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ သင်းလုံးကျွတ်အစည်းအဝေးပွဲ ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်မြို့မစျေးသမဝါယမအသင်းဥက္ကဋ္ဌက ဦးစွာအမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက အသင်း၏ လုပ်ငန်းလုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့မစျေးသမဝါယမအသင်းဥက္ကဠက အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းတို့အပေါ် အသင်းသားများ၏ ဆန္ဒသဘေားထားရယူကာ သင်းလုံးကျွတ်စည်းဝေးအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)