ရမည်းသင်း ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ပြည်သူများ သက်သာသောနှုန်းထားများဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စားသောက်ကုန် (၈) မျိုးကို ဈေးနှုန်းချိုသာစွာဖြင့် သီလဝခန်းမ ရှေ့၌ ယနေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးရာတွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ဆန်တစ်ပြည် ၂၈၀၀ ကျပ်နှုန်းဖြင့် (၂၄၀)ပြည်၊ စားအုန်းဆီ ၅၀ သားတစ်ဗူးလျင် ၃၇၀၀ ကျပ်နှုန်းဖြင့် (၈၀၀)ဘူး၊ ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ (၁၀၀၀) လုံး၊ အမဲသားတစ်ပိဿာ (၂၅၀၀၀) နှုန်းဖြင့် (၅၀) ပိဿာ၊ ဝက်သားတစ်ပိဿာ(၂၆၀၀၀) ကျပ် နှုန်းဖြင့် (၅၀)ပိဿာ၊ ဆိတ်သားတစ်ပိဿာ (၂၈၀၀၀) ကျပ်နှုန်းဖြင့် (၃၀) ပိဿာ၊ ကြက်သားတစ်ပိဿာ (၁၆၀၀၀) ကျပ်နှုန်းဖြင့် (၃၀) ပိဿာ၊ ငါးတစ်ပိဿာ (၁၆၀၀၀) ကျပ်နှုန်းဖြင့် (၃၀) ပိဿာတို့ကို စျေးနှန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးခြင်းကို ၃၀.၄.၂၀၂၅ ရက်နေ့မှစတင်၍ သီလဝခန်းမရှေ့၌ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ကြီးကြပ်၍ သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ဖြန့်ဝေရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)