အမရပူရ ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံး၌ ဇူလိုင်လ ၂၁ ရက်နေ့ကစတင်ပြီး နေ့စဥ်နိုင်ငံဝန်ထမ်းအငြိမ်းစား (ပင်စင်စား) များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကို နေ့ချင်းပြီး မြို့နယ်လဝကရုံးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ UID ကတ်များ ကွင်းဆင်းဆောင်ရွက်နေမှုကို အမရပူရခရိုင် လဝကဦးစီးမှူး ဦးမျိုးခိုင်၊ မြို့နယ်လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ယနေ့အချိန်ထိ နိုင်ငံဝန်ထမ်းအငြိမ်းစား ၁၃၀၀ ဦး ကျော်ကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)