ကော့သောင်းမြို့တွင် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများက ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး‌ကျောင်းများ၌ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများကို ဇူလိုင်လ ဒုတိယပတ်မှစ၍ သတ်မှတ်‌ကျောင်းများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကော့သောင်းမြို့၊ အ.လ.က (ခွဲ) ၃ မိုင်ကျောင်း၌ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ပန်းမြို့၊ မြို့‌ဟောင်းရပ်ကွက်ရှိ မဟာဂန္ဓာရုံဘုန်း‌တော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊‌ အောင်ပန်းမြို့၊ မြို့‌ဟောင်းရပ်ကွက်ရှိ မဟာဂန္ဓာရုံဘုန်း‌တော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မာလီကုန်းကျေးရွှာ (ကျီးနီကန်အနီး) ကျင်းပခဲ့ကြောင်း သိရသည်။

တုံတာ - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် KM 577-KM577.5 ကြား နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် လမ်းမြေပြိုကျမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ တုံတာ - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး  ရဲစခန်းအရှေ့ဘက် ကိုက် (၁၀၀)ခန့်အကွာ ခန့်မှန်းမြေပုံအညွှန်း (ND.314411) မိုင်တိုင်အမှတ် KM 577- KM 577.5 ကြားတွင် နန့်စင်ချောင်းရေတိုက်စားမှုကြောင့် တုံတာ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး  ညာဘက်ခြမ်း ကတ္တရာလမ်း ပုခုံးမြေသားများ အလျားပေ (၇၀)ခန့်မှာ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပြိုကျသွားကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးစပါးနှင့် အစေ့ထုတ်ပြောင်း စိုက်ခင်းများ ရေနစ်မြုပ်လျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇူလိုင်လ ၂၅၊ ၂၇၊ ၂၈ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးစပါးနှင့် အစေ့ထုတ်ပြောင်းစိုက်ခင်းများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဝဲကြီး)၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဝဲကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ညောင်ရွှေမြို့ အနိမ့်ပိုင်းလူနေရပ်ကွက်အချို့နေရာများ၌ ရေဝင်ရောက် ရေဘေးသင့်ပြည်သူအချို့ ယာယီကူညီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေပြင် အနည်းငယ်မြှင့်တက်လာပြီး ညောင်ရွှေမြို့‌ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် သာစည်ရပ်ကွက်၊ ကန်သာရပ်ကွက်၊ ဝင်းရပ်ကွက်၊ မြို့လည်ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းမှစ၍ ရေလွှမ်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ယာယီကူညီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ် အောက် အမျိုးသား/သမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်း/ပြည်နယ်အသီးသီးမှ အားကစားသမားများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစားသမားများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် ၎င်းတို့၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပုသိမ်မြို့နယ်အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပုသိမ်မြို့နယ်၊ အခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

မြန်အောင်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ပြည်သူများ သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များကို သိရှိစေရန်အတွက် ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များစုပေါင်း၍ ယနေ့နံနက်က မြန်အောင်မြို့မနေခြည်စျေးရှေ့တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
Subscribe to