ရန်ကုန်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒလမြို့နယ်ရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး

ဒလ ဇူလိုင် ၃၀

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မှော်စက်ရပ်ကွက်ရှိ မှော်စက်ဘုန်းတော်ကြီးကျောင်း၌  သံဃာတော်များနှင့်ဒေသခံပြည်သူများကို ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သံဃာတော်(၁၅)ပါး၊ ကျား(၅၂)ဦး၊ မ(၈၆)ဦး၊  စုစုပေါင်း (၁၅၃)ဦးတို့ကိုခွဲစိတ်ကုသမှုဆိုင်ရာ‌ရောဂါ၊ ကလေးရောဂါ၊ အရိုး၊ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာ‌ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုင်းအောင်မြတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးရွှေလှိုင်၊ ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးရဲမှူးမျိုးမြင့်ဦးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍‌‌ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး မှော်စက်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်ဘန္တဒ္ဒသုမင်္ဂလထံ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဒေသခံပြည်သူများကို ယမန်နေ့နေလယ် ၃ နာရီအချိန်ထိ ဆက်လက်ဆေးကုသ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)